တိုင်းပြည် ကျဆင်းနေရတာ ဗုဒဘာသာ အတွေးအခေါ်ကြောင့် မဟုတ်ပါ။ သူကြီးက ဗုဒဘာသာ အတွေးအခေါ်ကို အခြေခံလို့ တိုင်းပြည် ကျဆင်းနေရတာ လို့ ဆိုတာပါလား။ ကောင်းပြီ။ ဒါဆိုရင် ဘုရားက ဟောခဲ့တယ်။ ကိုယ်ခြင်းစာတရား ထားဖို့ ၊ ၅ပါးသီလကို ပုထုဇဉ် တိုင်း ခါးဝတ်ပုဆိုးလို (မ၀တ်ရင် အရှက်ရစေတယ်လို့) မြဲကြပါလို့ ပြောခဲ့တယ်။ မြန်မာပြည်သားတွေ ဘယ်နှစ်ယောက် ၅ပါး သီလမြဲပါသလဲ။ ကျနော်လည်း မမြဲပါ။ လောကပါလ တရားတွေကို ကျင့်သုံးပါလို့ ပြောခဲ့တယ်။ ဘယ်နှစ်ယောက် ကျင့်သုံးပါသလဲ။ ရွှေတိဂုံဘုရား တွေ အလှုတွေမှာ ဖိနပ်ခိုးတာ သောင်းကျန်းတာတွေ အားလုံး အသိပါ။ ဒါတွေဟာ ဗုဒဘာသာကို ဆန့်ကျင်ပြီး လုပ်နေတာပါဆိုတာ သူကြီး ငြင်းမလား။ ဘုရားဟောတရားတွေကို ဆန့်ကျင်ပြီးလုပ်နေတဲ့ အတွက် ဘုရားဟောတရားတွေကို ဗုဒဘာသာ အတွေးအခေါ်တွေကို အခြေခံတယ်ဆိုတာကတော့ မှားပါတယ်။
ဗုဒရဲ့တရားတော် တွေဟာ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ၊ အကြောင်းတရားနဲ့ ကင်းသော အကျိုးတရား မရှိဘူး ဆိုတာ ဟောထားပါတယ်။ ဘုရားက ဟောခဲ့ပါတယ်၊ ခိုးမှုတွေမကျူးလွန်ကြနဲ့။ ခိုးမှူတွေကျူးလွန်ရင် ကိုယ်ရဲ့စီးပွါးဥစ္စာတွေလည်း ပျက်စီးတတ်တယ်လို့ ဟောခဲ့ပါတယ်။ ခုဒီမှာဖြစ်ပျက်နေတာလည်း ဒီသဘောနဲ့ အကိုက်ပါပဲ။ဒါပေမဲ့ ဒီတချက်တည်းတော့ မဟုတ်ပါဘူး။ အကြောင်း တရား ပေါင်းစုံမှ အကျိုးတရားတခုရတာပါ။
ကျနော့်အနေနဲ့ ဂုဏ်ယူမိတာကတော့ မြန်မာပြည်မှာ လူဖြစ်ပြီး ဗုဒဘာသာဝင် ဖြစ်ရတယ်ဆိုတာထက် ဗုဒဘာသာ အခြေခံလေးတွေကို သိရှိရတာဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အဖိုးတန် ရတနာတခုပါပဲ။ဗုဒရဲ့ တရားတော်တွေကို အမှန်အတိုင်း လေးနက်စွာ သိတဲ့သူတွေဟာ တန်ဖိုးမဖြတ် နိုင်တဲ့ ရတနာမြေပုံ တခုကိုရထားသလိုပါပဲ။ ဒါပေမဲ့ သိရုံနဲ့ မပြီးပါဘူး။ လိုက်နာကျင့်သုံးရမှ အကျိုးတရားတွေ ရမှာပါ။
လူဆိုတာ တနေ့သေရမှာပါ။ ကိုယ်သေသွားတဲ့အခါ ကိုယ်ပိုင်တဲ့ ဥစ္စာ ရွှေငွေ တွေကိုထားသွား မှာပါ။ ဒါပေမဲ့ ဥစ္စာရွှေ ငွေတွေကို နောင်ဘ၀ ယူသွားနည်း ၊ နောင်ဘ၀မှာ ကိုယ်ချစ်ခင်သူတွေနဲ့ ပြည်လည်တွေ့ဆုံနည်း တွေဟာလည်း တရားတော်မှာ ရှိပါတယ်။ ဒီနည်းကိုသိတာသိပြီး ယုံကြည်မှုမရှိတဲ့ မလုပ်တဲ့ သူတွေအတွက်ကတော့ ဒီဘ၀မှာ ဘယ်လောက်ပင်ချမ်းသာသော်လည်း နောင်ဘ၀အတွက် သံသရာအတွက် ရင်လေးစရာပါ။
ဗုဒရဲ့တရားတော်တွေဟာ ဗုဒဘာသာဝင်တွေ အတွက်သာ ဟောခဲ့တာ မဟုတ်ပါဘူး။ လူ နတ် ဗြဟ္မာ သတ္တ၀ါ တွေ အားလုံး အတွက်ပါ။ ခိုးမှုတခု ကျူးလွန်ရင် ဗုဒဘာသာဝင်ဖြစ်လို့ သက်သာစေလို့မရှိပါ။ မည်သူမဆို မည်သည့်ဘာသာဝင်မဆို ခိုးမှု ဆိုတဲ့ အကုသိုလ် အကြောင်းကိုလုပ်ရင် ဥစ္စာစီးပွား ပျက်စီးခြင်းဆိုတဲ့ အကုသိုလ်အကျိုးကို တချိန်ချိန်မှာ မုချကြုံတွေ့ရမှာပါ။
ကျနော့်အမြင်ကတော့ မြန်မာပြည်မတိုးတက်တာ ဗုဒဘာသာရဲ့ တရားသဘောတွေကို လိုက်နာကျင့်သုံးမှုအားနည်းတာလည်း တချက်ပါနိုင်ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေရဲ့ စီးပွားရေးအမြင် အားနည်းခြင်း ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု တာဝန်ကြေမှု အားနည်းခြင်းတွေကြောင့်လည်းပါနိုင်ပါတယ်။