(၁) မှန်တယ် သူများ မနှစ်သက်ဘူး အကျိုးရှိတယ် စကားတစ်ခွန်း။
နံပါတ်တစ်စကားနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားကို ပုဏ္ဏားတစ်ယောက်က မေးဘူးတယ် မြတ်စွာဘုရား မှန်တယ် အကျိုးရှိတယ် ဆိုတာတော့ ဟုတ်ပါပြီ ဒါပေမဲ့ သူများမှ မကြိုက်နှစ်သက်တာ ဘာလို့ ပြောတာလဲဘုရားလို့ လျှောက်ပါတယ်။ မြတ်စွာဘုရားက ဥပမာပေးပြီး ပြန်မေးပါတယ်။ အသင်ပုဏ္ဏား သင်ရဲ့ရှေ့မှာ ကလေးတစ်ယောက်က အိုးချမ်းကွဲတစ်ခုကို မျိုချလိုက်တယ်ဆိုပါစို့ လည်ချောင်းမှာ တစ်နေရင် သင်ဘယ်လို လုပ်မလဲတဲ့… ပုဏ္ဏားကတပည့်တော် ရအောင်ကြိုးစား ထုတ်ရမယ်ဘုရား။ ကလေးရဲ့ခေါင်းကို သေသေချာချာကိုင် ထားပြီး သွေးသံရဲရဲနဲ့ပဲ ရအောင်ထုတ်ရမယ်လို့ လျှောက်ပါတယ်။ ကလေး မနှစ်သက်ပဲနဲ့ ဘာလို့ အဲဒီလို လုပ်ရပါသလဲ ပုဏ္ဏားလို့ မေးတော့ ကလေးရဲ့ချမ်းသာရရေး အကျိုးကိုကြည့်ပြီး မနှစ်သက်ပေမဲ့ လုပ်ရပါတယ် ဘုရားလို့လျှောက်တော့ မြတ်စွာဘုရားက ဟုတ်တယ်ပုဏ္ဏား တစ်ခါတစ်ရံမှာ မကြိုက်နှစ်သက်လဲ အကျိုးကိုကြည့်ပြီး ပြောရတယ်လို့ မိန့်ဆိုခဲ့ဘူးပါတယ်။