ရတနာသုံးပါးအကြောင်းသိကောင်းစရာ

ဗုဒ္ဓံ။      

            သဗ္ဗဓမ္မေ-အလုံးစုံသောတရားတို့ကို၊ ဗုဇ္ဈတိ-သိတော်မူတတ်၏ဟူသည်နှင့်အညီ၊
တရားအားလုံးကို အကုန်သိသောဥာဏ်တော်၏တည်ရာကိုယ်တော်ကို ဗုဒ္ဓဟု
ခေါ်ရသည်၊(မိဘဘိုးဘွား၏ ရုပ်ပုံနှင့်အရိုးအိုးကို
လေးစားရ၊ရိုသေရ၊ရှိခိုးရ၊ပန်းစသည်ဖြင့်
ပူဇော်ရသကဲ့သို့)ဗုဒ္ဓ၏ပုံတော်ကိုလည်းကောင်း၊ဗုဒ္ဓ၏အရိုးဓာတ်တော်ဆံတော်များကို
ထာပနာထားသောစေတီတော်များကိုလည်းကောင်း ရိုသေမြတ်နိုးရှိခိုးပူဇော်ကြရသည်။



ဓမ္မံ။        

ဓာရေတိ-အပါယ်ဆင်းရဲ
ဝဋ်ဆင်းရဲသို့ မကျအောင်ဆောင်ထားတတ်၏
ဟူသည်နှင့်အညီ၊မဂ်ဖိုလ်နိဗ္ဗာန်ကိုရလျှင်
အပါယ်လေးပါးသို့လည်းမကျရ၊သံသရာဝဋ်ဆင်းရဲ၌လည်း ကြာရှည်စွာမဖြစ်ရသောကြောင့်
မဂ်ဖိုလ်နိဗ္ဗာန်သည် အားထားကိုးကွယ်ဖို့ရာ ဓမ္မ အစစ်ဖြစ်၏၊
ဘုရားဟောတော်မူထားသောတရားတော်များလည်း အပါယ်ဆင်းရဲဝဋ်ဆင်းရဲမှလွတ်အောင်
နည်းလမ်းညွှန်ပြသောကြောင့် ဓမ္မ ဟုပင်ခေါ်ရသည်။

သံဃံ။    

။ဒိဋ္ဌိသီလသာမညေန-အမြင်မှန်ဥာဏ်၊မကျိုးမပေါက်နိုင်သော
သီလတို့တူကြသောအားဖြင့်၊သံဟတော့-ပေါင်းစပ်အပ်သော (ရဟန်းတော်)အပေါင်းသည်
သံဃော-သံဃာမည်၏ နှင့်အညီ အသိဥာဏ်နှင့်သီလချင်းတူနေသော အရိယာသံဃာတော်တသည်
ကိုးကွယ်ဆည်းကပ်ဖို့ရာ (သရဏဂုံဆောက်တည်ရာ၌
မှန်းထားဖို့ရာ)သံဃာတော်ဖြစ်သည်၊(သံဃိကဒါနလှူဒါန်းရာ၌ကား
ပုထုဇဉ်သံဃာတော်များလည်း သံဃာစာရင်းတွင်ပါဝင်တော်မူကြသည်။)

သရဏဂုံ။   

သရဏဂတာနံ-ကိုးကွယ်ရာဟုဆည်းကပ်သူတို့၏၊တေနေဝ
သရဏဂမနေန-ထိုကိုးကွယ်ရာဟုဆည်းကပ်ကြောင်းကုသိုလ်စိတ်ကြောင့်ပင်၊ဘယံ-၀ဋ်ဆင်းရဲဘေးကိုလည်းကောင်း၊သန္တာနံ-ကြောက်ရွံ့ထိန့်လန့်ခြင်းကိုလည်းကောင်း၊ဒုက္ခံ-ကိုယ်ဆင်းရဲခြင်းကိုလည်းကောင်း၊ဒုဂ္ဂတိပရိကိလေသံ-အပါယ်ဒုဂ္ဂတိဘ၀၌ညစ်နွမ်းရခြင်းကိုလည်းကောင်း၊

(သရတိ)ဟနတိ ၀ိနာသေတိ-ဖျက်ဆီးတတ်၏ ဟူသည်နှင့်အညီ၊ဘုရား တရား
အရိယာသံဃာတော်များကိုဖူးမျှော်နေရ စိတ်ဝင်စားနေရလျှင် စိတ်ချမ်းသာ၍
နောင်သံသရာ၌ အပါယ်လေးပါး မကျအောင် ဆောင်ထားလျှက် ဆင်းရဲဟူသမျှကို
ပယ်ရှားတတ်သောကြောင့် ရတနာသုံ့းပါးကိုပင် သရဏ ဟုခေါ်၏၊ တစ်နည်း- သရဏန္တိ
ပဋိသရဏံ-လည်းလျောင်းရာ ဟု ဖွင့်သောကြောင့် မိမိကိုယ်ကို
ပုံ၍ယုံကြည်သောအားဖြင့် လည်းလျောင်း မှီခိုစရာကိုပင် သရဏ ဟုခေါ်သည်။

ဂစ္ဆာမိ။    

ဂစ္ဆာမိဘဇာမိ-အနီးအပါးသို့ကပ်ပါ၏၊(ဆည်းကပ်ပါ၏၊) ဂစ္ဆာမိ
သေ၀ါမိ-အနီး၌လှည့်လည်သောအားဖြင့် မှီဝဲပါ၏၊ ဂစ္ဆာမိ
ပယိရုပါသာမိ-ပြုစုလုပ်ကျွေးသောအားဖြင့် ဆည်းကပ်ပါ၏ နှင့်အညီ ရတနာသုံးပါးကို
ကိုးကွယ်စရာဟု ယုံကြည်သောအားဖြင့်အနီးအပါး၌ ဆည်းကပ်လုပ်ကျွေးပါ၏ဟု
ဆောက်တည်မူကို ဂစ္ဆာမိ ဟုလည်းကောင်း၊ထိုသို့ဆောက်တည်သော ကုသိုလ်စိတ်ကို
သရဏဂမန-သရဏဂုံ ဟုလည်းကောင်းခေါ်၏။ တစ်နည်း။    ။ ဂစ္ဆာမိကို ဧ၀ံဇာနာမိ
ဗုဇ္ဈာမိ-ဤသို့ဒုက္ခကို ပယ်ဖျောက်တတ်ကြောင်း သိပါ၏ ဟူသည်နှင့်အညီ
ရတနာသုံးပါးသည် ဒုက္ခကိုပယ်ဖျောက်နိုင်ကြောင်း သိပါ၏ ဟုဆောက်တည်မူကို ဂစ္ဆာမိ
ဟုလည်းကောင်း ထိုသို့သိသောကုသိုလ်စိတ်ကို
သရဏဂမန-သရဏဂုံဟုလည်းကောင်းခေါ်သည်။(ဗုဒ္ဓဘာသာလက်စွဲ)
ဒီဆောင်းပါးလေးကိုတင်ပြလိုက်ရခြင်း၏ရည်ရွယ်ချက်မှာ
မျိုးဆက်သစ်လူငယ်များအတွက်
ဘာကြောင့်ဗုဒ္ဓလို့ခေါ်တယ်၊ဘာကြောင့်ဓမ္မလို့ခေါ်တယ်၊ဘာကြောင့်သံဃာလို့ခေါ်တယ်ဆိုတာလေးကို
ရှင်းရှင်းလင်းလင်းနှင့်ကွဲကွဲပြားပြားလေးသိစေချင်တာရယ်
မြတ်ဗုဒ္ဓကိုလည်းကြည်ညိုသဒ္ဓါပွားများနိုင်အောင်
ရည်ရွယ်၍တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။


လပြည့်ဝန်း