ကဲ ဘာလုပ်မှာလဲ ပြော

ပြောင်းသွားပြီ...ပြောင်း..သွားပြီ...ပြောင်း.....သွားပြီ....အ၀တ်..အ၀တ်..အ၀တ်...

အတွင်းထဲမှာ ဘာတွေပြောင်းနေလဲတော့..မသိ..ကျနော်တို့  ခံစားရတဲ့ လူမှု့ ဘ၀ကတော့ သိပ်မပြောင်းသေးပါဘူး မီးမှန်လာတာ တစ်ခုတော့..ကောင်းတဲ့ ဘက်မှာရှိပါတယ်..

 
ဖုန်းတွေချပေးတယ်..ကားတွေသွင်းခွင့်ပေးတယ်..ထုံးစံအတိုင်းလိုပါဘဲ..တစ်ဆင့်ကတော့..ဆရာစား ချန်ထားတဲ့ သဘောလေးတွေတွေ့ ရတယ် ဥပမာ ကားပါမစ်အတွက် အဆင့်တွေအများ ကြီးကျော်ဖြတ်ရတယ် ထုံးစံလေးတွေကလဲ မပြောင်းလဲသေးတာ တွေ့ ရပါတယ် လက်ဖက်ရည်ဖိုး လို့ တော့ပြောကြပါတယ်။ ကားတင်သွင်းခွင့် ရတဲ့ သူတွေ က ဘယ်လိုလူတွေလဲ အများဆုံးဘယ်လို လူတွေ တင်သွင်းနေတာလဲ ကျနော်တို့ ကတော့ အဆင့်တွေအများကြီး မကျော်ဖြတ်နိုင်သေးပါဘူး တစ်ချို့ လဲ.တင်သွင်းခွင့်ရပါတယ် သာမာန်ပြည်သူတွေပေါ့ ဒါပေမယ့်ပေးရတဲ့ ဝန်ဆောင်ခ ချင်းကျပြန်တော့ ကွာခြားလှပါတယ်..
ကျနော် ပြောချင်တဲ့သဘောကတော့.အားလုံးကို အဆင့်တွေအများကြီးမထားပါနဲ့  လို့ ပြောချင်ပါတယ်..အဆင့်တိုင်းအဆင့်တိုင်း..မှာစားပေါက်လေးတွေပွင့်နေလို့ ပါဘဲ ကျနော်တို့ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ ထောက်ခံစာအတွက် မည်သည့်
အခကြေးငွေမှ ပေးဆောင်ရန်မလိုပါ လို့ ရေးထားပါတယ်..ဒါပေမယ့်..လက်မှတ်ထိုးပေးတဲ့ 
သူက..အားလုံးထောက်ခံစာရေးပြိးရင်..ရုံးရန်ပုံငွေလေး အလှုခံပါတယ်ဆိုပြီး..ဘောက်ချာ
စာရွက်တစ်ရွက်..ပေးတာပါဘဲ...ဒါကတော့တစ်ဖက်လှည့် ပြီးတောင်းတဲ့ သဘောပါဘဲ..
မထူးပါဘူးဗျာ..
လူကြီးတွေအနေနဲ့ မသိတာလား.တမင်ဘဲ..အခွင့်အရေးပေးထားတာလားဆိုတာ
ကတော့.လူကြီးတွေဘဲသိပါလိမ့်မယ်..နေရာတိုင်းမှာ အဆင့်လေးတွေရှိပါတယ်..အဲ့အဆင့်
တွေကလဲ.သာမာန် ရာထူးအဆင့်မရှိတဲ့ ကျနော်တို့ လို လူတန်းစားတွေ အတွက် အတား
အဆီး တစ်ခုအနေနဲ့  အမြဲတန်းရှိနေတာပါဘဲ..ကျနော်ပြီးခဲ့ တဲ့ ရက်ပိုင်းက မီတာလျှောက်
ပါတယ် သတ်မှတ်သွင်းငွေက 85000 ပါ..ဒါပေမယ့်..မကျပါဘူး ဘာဖြစ်လို့ လဲဆိုတော့
ပေကျော် နေလို့ ပါတဲ့ ..ကျနော်အုပ်ချုပ်ရေးမှုးကို မေးပါတယ်မီတာရအောင်ဘယ်လို များ
လုပ်ဆောင်ပေးနိုင်ပါမလဲ..ဆိုတော့ ဓာတ်တိုင် ဆိုက်ပေးရမယ်တဲ့  ...ခင်ဗျာ....လို့ 
ကျနော်အသံထွက်မိပါတော့တယ်.....လက်လျှော့ပြိးတော့ဘဲပြန်လာရပါတော့တယ်..ရပ်ကွက်
အုပ်ချုပ်ရေးရုံး ရောက်တော့ အသိတစ်ယောက်ကို မေးကြည့်ပါတယ်..ရုံးကအဆင်ပြေအောင်
လုပ်ပေးပါ့မယ် ဒါပေမယ့် 150000 ပေးရမယ်ဆိုတော့..အဆင့်တစ်ဆင့်ကျော်ဖြတ်ရဖို့ 
65000 အပိုပေးလိုက်ရပါတော့တယ်ဗျာ...မီတာလဲ.ကျလာပါတော့တယ်..ပေလဲမကျော်တော့
ပါဘူး ဓာတ်တိုင် လဲမထူပေးရတော့ပါဘူး..မီးသမားက မီတာဘောက်လာတပ်ပေးပါတယ်.. သူကတော့ ချိုချိုသာသာပါဘဲပေ 300 ကျော်နေတယ် ၁၀၀၀၀ ကတော့ နည်းတယ် တဲ့  ၁၅၀၀၀ ပေးရမယ် လို့ ပြောပြန်တော့လဲ တစ်ဆင့်ပေါ့ဗျာ ကျော်ဖြတ်ရတာပါဘဲ ကိုယ်ကလဲလိုချင်နေတာ ဆိုတော့
ဒါမျိုးလေးတွေက..ကျနော်တရားဝင် နိုင်ငံတော်ကိုပေးသွင်းငွေက 85000 ဘဲကျပါ
တယ်..ကြားထဲမှာကျနော် အပိုဆောင်းပေးလိုက်ရတာက 80000 ဆိုတော့ကာ..ကြားထဲမှာ
အဆင့်တစ်ဆင့်က..နောက်တစ်ဆလောက် ပိုနေပါတယ်..ကျနော်တို့ လဲ.လုပ်ရတာ ကြန့် ကြာ
ပါတယ် ဟိုရုံးပြေးရဒိရုံးပြေးရ ဆိုတော့ ၀န်ထမ်းတွေကလဲ ရနေကြဆိုတော့ ကာ မရပြန်ရင်လဲ
တစ်မျိုးဖြစ်ကြမှာဘဲ အဲ့ဒီမှာ ကျနော်တို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုထောက်ပြပြီးတော့
သူတို့ ကတော့ စားပေါက်လေးတွေ ရှာနေတာပါဘဲ ခုနကကျနော် ပြောသလိုဘဲ ပေကျော်နေ
တယ် ဓာတ်တိုင်ထူပေးရမယ် ဆိုတော့ စဉ်းစားသာကြည့်ပေတော့ နောက် 65000 ပေးလိုက်
တဲ့ အခါကျတော့ ဘယ်လိုအိုကေသွားတယ် မသိ ပေမကျော်တော့ပါဘူး ဒါကလဲစားပေါက်လေး
တစ်ပေါက်ပွင့်နေလို့  ပိတ်လိုက်ရတာပါဘဲ မပေးနိုင်ရင်တော့ မရပါဘူး သူတို့ ကလဲပြောပါတယ်
" မရလို့ ပါ ရ ရင်လုပ်ပေးပါတယ် " ရှင်းပါတယ် ဗျာ သူ့ အတွက်
မရလို့ ပါ ရ ရင်လုပ်ပေးပါမယ်ဆိုတော့ ကျနော်တို့ မှာ နိုင်ငံသွင်းရတာက တစ်ခါ နိုင်ငံဝန်ထမ်း
တွေကို သွင်းရတာ ကတစ်ခါ နှစ်ခါပါ ခင်ဗျာ။
ကဲအဲ့ဒိတော့ အဆင့်လေးတွေ ကျော်နိုင်မှ ဖြစ်မှာပါခင်ဗျာ သတ်မှတ်တန်ကြေးရဲ့ 
နောက်ကွယ်မှာ မမြင်ရ သေးတဲ့ ကုန်ကျစရိတ် လေးတွေ ဖြေရှင်းနိုင်မှ အဆင်ပြေမှာပါခင်ဗျာ။
ကျနော်ဆိုလိုချင်တာက အဆင့်လေးတွေလျှော့ ပေါ့ ပေးပါလို့ ...ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ
အနေနဲ့  အခုဖုန်းဝယ်ရတာ အဆင်ပြေပုံလေးကြည့်ပါ သတ်မှတ်တန်ကြေး ငါးသိန်း ပေးဆောင်
နိုင်တယ် ဆိုရင် ဓာတ်ပုံ 3 ပုံ သန်းခေါင်စာရင်း မိတ္တူ ဒါဆိုရပါပြီ...ငါးမိနစ် အမြန်ရပြီ လို့ 
တောင် တစ်ချို့ ဆိုင်တွေက ရေးထားသေးတယ်။ အရင်တုန်းက ဖုန်းနဲ့  လုပ်စားသွားတဲ့  ၀န်ထမ်း တွေမနည်းမှမနည်းဘဲကိုး ။ ငါးသိန်း ဆိုတဲ့  ဈေးနှုန်းလေးသာ ဒိ့ ထက်
သက်သာမယ်ဆိုရင်တော့ အားလုံးအတွက် အဆင်ပြေမှာပါ အခုကတော့ ခွဲခြားလျက် ဖုန်းကိုင် နိုင်တဲ့ သူနဲ့ မကိုင်နိုင် တဲ့ သူတွေရှိနေတုန်း ပါဘဲ။ အားလုံးအဆင်ပြေမယ့် တစ်နေ့ ကို အမြန်
ဆုံးရောက်ရှိ နိုင်အောင်အဆင့်လေးတွေ လျှော့ပြီး ပြောင်းပေးကြပါလို့  တောင်းဆိုလိုက်ပါရစေ ခင်ဗျာ။