နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ယဉ်းကျေးလိမ္မာ သင်တန်းတွေ ဖွင့်ကြတယ်။ လူငယ်တွေကို ဘာသာရေးအပေါ်အခြေခံတဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ ရိုးရာအစဥိအလာတွေကို သင်ကြားလေ့ကျင့်ပေးတဲ့အတွက် ဒီလိုသင်တန်းတွေပေါ်လာတာကို ၀မ်းသာပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းများမှာ သင်တန်းတက်ရောက်နေကြတဲ့ လူငယ်တွေကို ရဟန်းသံဃာတော်တွေက စနစ်တကျ ပို့ ချကြတယ်။ အဲဒီသင်တန်းတွေမှာ အစား အသောက်အတွက် အလှူရှင်တွေ ရှိသလို အသိပညာအတွက် ဝေမျှပေးကြတဲ့ စာရေးဆရာများလည်းရှိပါတယ်။
အဲဒီသင်တန်းတွေမှာ ကျွန်တော်က တစ်နာရီခွဲခန့်  စကားပြောခွင့်ရပါတယ်။ တချို့ နယ်တွေမှာဆိုရင် တစ်ည သွားအိပ်ရပါတယ်။ မှတ်မှတ်ရရ ယဉ်ကျေးလိမ္မာသင်တန်းတစ်ခုမှာ ညသွားအိပ်တော့ စကားဝိုင်းဖွဲ့ပြောဖြစ်ကြတယ်။
အဲဒီညရဲ့ စကားဝိုင်းမှာ တက္ကသိုလ်တက်နေကြတဲ့ လူငယ်တွေက အများစုပါ။
လူငယ်တွေကပြောကြပါတယ်။
သူတစ်ပါးအသက်ကိုသတ်ရင် ကိုယ့်အသက် တိုတတ်တယ်တဲ့၊ ကိုယ်အသက်ရှည်ဖို့ သူများအသက်ကို မသတ်ရဘူးလို့ ပြောတယ်။ ဒါပေမယ့် ဘယ်သူ့အသက်မှ မသတ်ဘဲ အသက်တိုနေတဲ့သူတွေ၊ သူတစ်ပါးအသက်သတ်ပြီ အသက်ရှည်နေတဲ့သူတွေကို တွေ့ ရပြန်တော့် လူငယ်တွေရဲ့ရင်ထဲမှာ ဒီအယူအဆကို သိပ်ပြီး လက်သင့်မခံချင်ကြပါဘူး။ လူကြီးတွေပြောတဲ့ စကားမို့ လို့ သာ မငြင်းသာလို့ ငြိမ်ပြီး နားထောင်နေရတယ်လို့ ပြောကြတယ်။
ဒီလိုပါပဲ။ သူ့ဥစ္စာ မခိုးနဲ့ ။ သူ့ဥစ္စာခိုးရင် ကိုယ့်ဥစ္စာ အခိုးခံရတတ်တယ်။ ကိုယ့်ပစ္စည်း မီးလောင်ခံရတတ်တယ်။ ဘယ်သူ့ ဥစ္စာမှ ခိုးယူခြင်းမရှိဘဲ ကိုယ့်ဥစ္စာ အခိုးခံနေရတဲ့သူတွေ အများကြီးရှိပါတယ်။ တချို့ များ သူများဥစ္စာကို နည်းမျိုးစုံနဲ့  ခိုးယူနေကြပါတယ်။ ဒါပေမယ့် သူတို့ ပစ္စည်းတွေ မီးလောင်ပျက်စီးဆုံး၈ှုံးခြင်း
ဒီတော့ လူငယ်တွေရဲ့ရင်ထဲမှာ သီလရဲ့ အဓိပ်ပါယ်ကို သိချင်လာကြတယ်။ လူငယ်ဆိုတော့ လက်တွေ့  ကျမှ ကြိုက်တယ်။ ရှေ့ဘ၀တွေ၊ နောက်ဘ၀တွေနဲ့ပြောရင် သိပ်ပြီး လက်မခံချင်ကြဘူး။ ပုံပြင်တွေ၊ ယုံတမ်းစကားတွေနဲ့ သူတို့ ကို လှည့်စားလို့ မရဘူး။ သူတို့က မေးတယ်၊ ပြောတယ်။ ဒါဆိုရင် သီလ ဆိုတာ ယတြာချေသလို ဖြစ်နေတာပေါ့နော်တဲ့။ ကျွန်တော်က သူတို့ ကိုငရဲနဲ့ မခြောက်ချင်ဘူး။ သူတို့ ဥာဏ်မမှီတဲ့ စကားလုံးတွေနဲ့လည်းမပြောချင်ဘူး
``မင်းတို့ အဲဒီလို ဆုံးမပြောကြားတာတွေကို သံသယ မရှိကြနဲ့။ အဲဒါတွေက အားလုံးမှန်တယ်။ ဒါပေမယ့် မင်းတို့ လက်ခံလာအောင် လက်တွေ့ကျကျ တွေးပြမယ်။ ဘာပဲဖြစ်ဖြစ် သီလကိုတော့ စောင့်ထိန်းကြရမယ်။ သီလရဲ့အကြောင်းကို စဉ်းစားကြည့်ရင် မေတ္တာတရားတွေ၊ စာနာစိတ်တွေ၊ ကိုယ်ချင်းစာတရားတွေ ပါသလို ၊ စိတ်ကောင်းထားဖို့ လဲ ပါတာပေါ့ကွာ။ဒါထက္အေရးၾကီးတာကေ
ကျွန်တော်က ဒီလိုရှင်းပြလိုက်တယ်။
ကဲ.....စဉ်းစားကြည့်ကြရအောင်။
သူတစ်ပါးအသက်ကို မသတ်သင့်ဘူး။ မယုံရင် သတ်ကြည့်လိုက်ပါလား။ လူတစ်ယောကိုသတ်တဲ့သူဟာ အဲဒီသေနေတဲ့ အလောင်းကောင်နားမှာ ထိုင်နေရဲလို့လား။ ဘာလို့ထွက်ပြေးတာလဲ။ စဉ်းစားကြည့်ကြစမ်းပါနော်။ သူ့အသက်ကိုသတ်ဖူးတဲ့လူဟာ အဲဒီသတ်လိုက်တဲ့စိတ်ကြောင့် ရဲရင့်ခြင်းဆိုတဲ့ ၀ီရ မဖြစ်နိုင်တော့ဘူး။ လူပုံအလယ်မှာ ဟတ်ဆောင်ပြီးတော့သာ နေလို့ရချင်ရမယ်။ ဘယ်လိုပဲ ချပ်ဝတ်တန်ဆာတွေ ၀တ်ထားထား၊ ဘယ်လိုပဲ အရံအတားတွေ လုပ်ထားထား၊ သူ့စိတ်ထဲမှာတော့ ရဲရင့်ခြင်းဆိုတဲ့ ၀ီရ မဖြစ်နိုင်တော့ဘူး။ သူတစ်ပါးကိုသတ်ထားတဲ့စိတ်ကြောင်
ကျွန်တော် ဒီလိုရှင်းပြလိုက်တော့ သူတို့ မငြင်းသာတော့ဘူး။
ဒီလိုပါပဲ။ သူတစ်ပါးဥစ္စာပစ္စည်းကို မခိုးယူသင့်ဘူး။ ခိုးယူထားတဲ့သူဟာ ၀ီရ ရဲရင့်ခြင်းမဖြစ်နိုင်တော့ဘူး။ မယုံရင် လူတစ်ယောက်ဆီက အကြွေးယူကြည့်လိုက်။ အဲဒီအကြွေး မပေးနိုင်တဲ့အတွက် အကြွေးရှင်ကို တွေ့တိုင်းကြောက်နေရပြီ။ ၀ီရ မဖြစ်နိုင်တော့ဘူး။ ဒါတောင် ခိုးယူတာမဟုတ်သေးဘူးနော်။ အကြွေးယူတဲ့ အဆင့်တောင် ၀ီရ မဖြစ်နိုင်တော့ရင် သူတစ်ပါးဥစ္စာ ပစ္စည်းခိုးယူထားတဲ့သူဟာ လူပုံအလယ်မှာ ဘယ်လိုမှ ရဲရင့်သူ တစ်ယောက်မဖြစ်နိုင်တော့ပါဘူး။ အချိန်တိုင်း၊ အချိန်တိုင်း စိုးရိမ်စိတ်တွေနဲ့ရှင်သန်ေ
လူငယ်တွေဆိုတာ ဒီလိုရှင်းပြမှပဲ သဘောကျနေကြတော့တယ်။
လူဖြစ်ပြီးတော့ ၀ီရ မဖြစ်ရင် တိရစ္ဆာန်တစ်ကောင် အသက်ရှင်နေရတာနဲ့ အတူတူပါပဲ။
ဆက်ပြီး စဉ်းစားကြည့်ကြရအောင်။
လူတစ်ယောက်ဟာ အခြားသူတစ်ယောက်အကြောင်းကို သူ့ကွယ်ရာမှာ မုသား သုံးမယ်။ လိမ်ပြောမယ်။ အတင်းအဖျင်းပြောထားမယ်ဆိုရင် အဲဒီလူကိုတွေ့တိုင်း ၀ီရ ဖြစ်နိုင်ပါတော့မလား။ ရဲရင့်နိုင်ပါ့မလား။ ဒါကြောင့်ရိုးရိုးသားသား နေသင့်တယ်။ ပြဿနာတွေကို ရိုးရိုးသားသား ဖြေရှင်းသင့်တယ်။ ပြဿနာတွေကို မုသားနဲ့ဖြေရှင်းတဲ့သူဟာ ဘယ်လိုလုပ်ပြီး လူပုံအလယ်မှာ ၀ီရ ဖြစ်နိုင်မလဲ။ လူအချင်းချင်း လှည့်ပတ်လိမ်ညာယ်ဆိုတာ ၀ီ၇ မဖြစ်တဲ့သူတွေရဲ့ အပြုအမူတွေပါပဲ။ လိမ်ညာတတ်သူ၊ ဟတ်ဆောင်တတ်သူ ဟာ ကိုယ့်ကိုကိုယ်လည်းယုံကြည်မှု မရှိနိုင်တော့ဘူး။ တွေ့သမျှလူကိုလည်း ကိုယ် လိမ်ညာထားတာ၊ ဟန်ဆောင်ထားတာတွေကို လူသိမှာစိုးလို့ စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်။ အားငယ်စိတ်တွေနဲ့ ရှင်သန်နေရတယ်။ ရဲရင့်သူ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ရဲရင့်သူ ဖြစ်ဖို့ ၀ီရ ဖြစ်ဖို့ လိမ်ညာပြောဆိုခြင်း၊ မုသာူစကား ပြောဆိုခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
အဲဒီအချိန်မှာ လူငယ်တစ်ယောက်က ၀င်ပြီးဆွေးနွေးတယ်။
ဟုတ်သားပဲ။ ကျွန်တော်တို့ဆိုရင် သူများအသက်ကိုတော့ မသတ်ဖူးဘူးဗျ။ ဒါပေမယ့် ကျောင်းစာတွေကိုတော့ ခိုးချဖူးတယ်။ လိမ်ညာတော့ပြောဖူးတယ်။ အဲဒီအခါ စိတ်ထဲက တစ်ခုခုကို မလုံမလဲ ဖြစ်နေသလို ခံစားရတယ်ဆရာ။
ကျွန်တော်က ဆက်ပြောတယ်။
ဒီလိုပါပဲ။ လိုရင်းပြောကြည့်ရအောင်။ မယားငယ်ယူထားတဲ့ ဖခင်တစ်ယောက်ဟာ ကိုယ့်သား၊ သမီးကို ပြန်ကြောက်နေရတယ်။ လူငယ်တွေဆိုရင် မိဘကွယ်ရာမှာ ကိုယ့်ရည်းစားနဲ့ အနေအထိုင်မှားခဲ့တဲ့ သား၊ သမီးဟာ မိဘကို တွေ့တိုင်းကြောက်နေရတယ်။ ဆရာကိုတွေ့တိုင်းကြောက်နေရတယ်။ ကိုယ့်အိမ်ထောင်ဖက်ကွယ်ရာမှာ အခြားသူနဲ့ဖောက်ပြန်ထားတဲ့သူဟာ ကိုယ့်အိမ်ထောင်ဖက်ကို တွေ့တိုင်းကြောက်နေရတယ်။ ဒါဟာ ကာမေသု မိစ္ဆာစာရ ရဲ့ သတ္တိပဲ။ ကာမေသုကို တန်ဖိုးမထားတဲ့ပသူဟာ ကိုယ့်ယဉ်ကျေးမှုကိုဖောက်ဖျက်ေ