အချစ်ဆိုတာ

တကယ်တော့အချစ်ဆိုတာ နေ့စဉ်ဘဝပါ။ ကိုယ်ချစ်တဲ့သူနဲ့ အတူပြုံးရယ်တယ်၊  လက်ချင်းတွဲပြီး အတူလမ်းလျှောက်တယ်၊ စကားသံမလိုဘူး... ဂတိမလိုဘူး။ မီးဖိုချောင်ဝင်ပြီး ကိုယ်ချစ်တဲ့သူအတွက် ချက်ပြုတ်တယ်။ မိုးအေးလေတိုက်တဲ့အခါ သူ့အတွက်
အနွေးထည်ကမ်းတယ်။ ပွနေတဲ့ဆံပင်ကို သပ်တင်ပေးတယ်။ မိုးရွာတဲ့နေ့တွေမှာ ထီးလေးဖွင့်ပြီး သူ့အတွက် ကြည်လင်တဲ့ကောင်းကင် ဖန်ဆင်းပေးတယ်။  သူနိုးထချိန်မှာ နူးညံ့တဲ့အကြည့်၊ နွေးထွေးတဲ့အထိအတွေ့က ဘဝတစ်သက်ကို ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံစေပါတယ်။ အချစ်ဆိုတာတစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။ အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ရေတစ်ပေါက်ဖြစ်တယ်။ ပင်ပန်းနေတုန်း သောက်ရတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။ စိတ်ညစ်အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့စကားဖြစ်တယ်။ စိတ်တိုဒေါသထွက်တုန်း နောက်ပြောင်တဲ့ဟာသဖြစ်တယ်။ စိတ်မကြည်လင်တုန်း  နမ်းရှုံ့လိုက်တဲ့ ပန်းကလေးတစ်ပွင့်ဖြစ်တယ်.......